ကရသူရိ စက်တင်ဘာလ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှထုတ်ဝေသည့် ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းစဉ်များ လက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက မြို့ပေါ်ရပ်ကွက်များတွင် ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
ထိုသို့ဖြန့်ဝေပေးခြင်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မီးသတ်ဦးစီးဌာနဝန်ထမ်းများပူးပေါင်းပြီး ဒေသခံမိဘပြည်သူများ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ရေးနှင့် ကုသရေးလုပ်ငန်းစဉ်များ ကြိုတင်ဆောင်ရွက်နိုင်ရေး အသိပညာပေးဖြန့်ဝေပေးခြင်းဖြစ် ကြောင်း အဆိုပါလက်ကမ်းစာစောင်တွင် “အသက်ရှူကြပ်ခြင်း၊ မောခြင်းကို သက်သာ စေသည့် အနေအထားများ၊ ဘယ်ဆေးတွေကို ရှောင်ရမလဲ၊ သင့်ရဲ့ အောက်ဆီဂျင်ပမာဏကို စစ်ဆေး တိုင်းတာခြင်း၊ ဘယ် ဆေးတွေကို သောက်ရမလဲ၊ သင့် အိမ်တွင် အိမ်သား တစ်ဦးဦး နေမကောင်းဖြစ်လျှင် ဘာလုပ်ရမလဲ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ(ဆရာဝန်)၏ အကြံပြု ချက်မပါဘဲ အခြားဆေးများကို မိမိ ဖာသာ သောက်သုံးခြင်း မပြုရပါ” စသည့်တို့ပါဝင် ကြောင်း သိရသည်။
ကရသူရိ (ပြန်/ဆက်)