ကဝ စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ခဲ့သော စေတနာ့ဝန်ထမ်းအသင်းအဖွဲ့ (၇) ဖွဲ့မှ Volunteer (၁၉၂) ဦးတို့အတွက် ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ တစ်လစာ စားစရိတ်နှင့် တစ်လစာ စက်သုံးဆီ စရိတ်ချီးမြှင့်ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားပြီး ကဝ၊ သက္ကလ ၊ အုန်းနှဲ ၊ သပြု၊ မကျက်ကြီးကျေးရွာများရှိ စေတနာ့ဝန်ထမ်းအသင်းအဖွဲ့ (၇)ဖွဲ့မှ Volunteer (၁၉၂)ဦးတို့အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် တစ်လစာ စားစရိတ်စုစုပေါင်း (၂၃၀၄၀၀၀၀)ကျပ်နှင့် တစ်လစာ စက်သုံးဆီ စရိတ် (၇၀၅၆၀၀၀)ကျပ် နှစ်ရပ်ပေါင်း (၃၀၀၉၆၀၀၀)ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးထွန်းလင်းအောင်၊ ဦးအုန်းသွင်နှင့် ဦးနေလင်းတို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။