ကျေးသီး စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ်ပြည်သူ့ဆေးရုံ၌ ယနေ့မွန်းလွဲပိုင်းက သီပေါမြို့နယ်၊ မိုင်းလာမြို့မှကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံသို့ကျန်းမာရေးမကောင်းသဖြင့် လာရောက်ပြသသူအမျိုးသမီးအားမြို့နယ်ဆရာဝန်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများမှကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးပြီးကိုဗစ်-၁၉ရောဂါရှိ/မရှိRDTစက်ဖြင့် စမ်းသပ်စစ်ဆေးရာ အဆိုပါအမျိုးသမီးထံ၌ ရောဂါပိုးတွေ့ရှိကြောင်းသိရသည်။
အဆိုပါရောဂါပိုးတွေ့ရှိခဲ့သည့် အသက်(၂၈)နှစ်အရွယ် အမျိုးသမီးအားကျေးသီးမြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ဆောင် (Isolation Ward)တွင်ထားရှိ ဆေးကုသလျက်ရှိပြီး ၎င်းနှင့်ဆက်စပ်သူများအား နေအိမ်တွင်သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အသွားအလာ ကန့်သတ်ဆောင်ရွက်ထား ရှိမည်ဖြစ်ကြောင်းသိရသည်။
ကျေးသီးမြို့နယ်တွင် ယနေ့စက်တင်ဘာ(၁၃)ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ စုစုပေါင်း(၂)ဦးတွေ့ရှိခြင်းဖြစ်ကြောင်းမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ ထံမှ သိရှိရသည်။
နန်းမွမ်းဆိုင်(ကျေးသီး)