ကလိန်အောင်မြို့တွင်ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသော်လည်း ပြန်လည်ကောင်းမွန် လာသူများ၏စကားသံများ

 

ကလိန်အောင်     စက်တင်ဘာ ၁၄

 

 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးများကိုရပ်ကွက်/ကျေးရွာများတွင်ထိုးနှံပေး လျက်ရှိပြီး၊ကိုဗစ်-၁၉ရောဂါကူးစက်ခံရသော်လည်း ပြန်လည်ကောင်းမွန်လာသူများ၏ စကား သံများကို ဖော်ပြပေးလိုက်ရပါသည်။

မင်္ဂလာပါခင်ဗျားကျွန်တော်ကတော့ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်မှာနေထိုင်တဲ့ ဦးဟိန်းဖြစ်ပါတယ်။ မိသားစု ဝင်(၄)ဦးရှိပါတယ်။ ကျွန်တော်နေမကောင်းဖြစ်ပြီး စိတ်ထဲ သံသယဖြစ်လာလို့ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းက ကားကိုခေါ်ပြီး ရေဖြူဆေးရုံကို သွားခဲ့ကြပါတယ်။မိသားစု(၄)ဦးစလုံးမှာပိုးတွေ့ရှိနေတဲ့အတွက်ရေဖြူစင်တာမှာ ဆေး ကုသ မှုခံယူပါတယ်။စင်တာရောက်ပြီး(၂)ရက်လောက်ကြာတော့ မိသားစုဝင်အားလုံး အနံ့ ပျောက်ပြီး ချောင်းဆိုးတာ ဖျားတာတွေဖြစ်လာပါတယ်။အဲ့ဒီအချိန်မှာ ဆရာမကလိုအပ်တဲ့ သောက်ဆေးတွေပေးပါတယ်။ သွေးပေါင်ချိန်တိုင်း၊ အောက်ဆီဂျင်တိုင်း တာတွေလုပ်ပေးပါတယ်။ ကျွန်တော်ကအောက်ဆီဂျင်မကျလို့ အောက်ဆီဂျင်မလိုအပ်ခဲ့ပါဘူး ခင်ဗျား။အိပ်ရေးဝ အောင်အိပ်ပြီးအားရှိတဲ့ အစာတွေများများစားပါတယ်။ ရေဖြူစင်တာမှာ အစားအသောက် အတွက် နေ့စဉ်အလှူရှင်တွေရှိလို့ရေသန့်ကအစလှူဒါန်းပေးလို့ ရောက်လာတဲ့လူနာတွေ အားလုံးအဆင်ပြေကြပါတယ်။ စင်တာ မှာ(၁၁)ရက်နေ့ခဲ့ပြီးအခုအိမ်ပြန်ရောက်နေတာ (၈)ရက်ရှိပါပြီ။ ဆရာမမှာခဲ့တဲ့အတိုင်း အသက်ရှူလေ့ကျင့်ခန်း လုပ်ပါတယ်။လမ်းညွှန်တဲ့ အတိုင်းနေထိုင်လို့အခုမိသားစုအားလုံးကျန်းမာရေးပြန်လည်ကောင်းမွန်နေပါပြီ။ကာကွယ် ဆေးကတော့မထိုးရသေးပါဘူး။ထိုးခွင့်ရတဲ့အချိန်မှာကာကွယ်ဆေးကိုထိုးနှံသွားပါမယ်။ ကျွန်တော့်အနေနဲ့ အကြံပြုချင် တာကတော့မိမိကိုယ်ကို သံသယရှိ တယ်ဆိုတာနဲ့နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ဆေးကုသမှု ခံယူကြပါ။ဆေးရုံ တွေရောက်မှသာ စနစ်ကျတဲ့ ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။အိမ်မှာရှိတဲ့ဆေးမှီးတိုတွေက ဘေးထွက်ဆိုးကျိုးကိုဖြစ်စေတတ်ပါတယ်ခင်ဗျား။ကျွန်မကတော့ မဇူဇီနိုင်ဖြစ်ပါတယ်။

အမှတ်(၃)ရပ်ကွက်မှာနေထိုင်ပါတယ်။စားသောက်ဆိုင်ရောင်းပါတယ်။ မိသားစုဝင်ထဲက  နေမကောင်းလို့ ဆေးခန်း သွားပြတဲ့အခါမှာဆရာဝန်ကစစ်ဆေးကြည့်ပါပြောလို့သွားစစ်လိုက်တာ ပိုးတွေ့တာဖြစ်ပါတယ်။ မိသားစုဝင်(၆)ဦးရှိပြီး အားလုံးပိုးကူးစက်ခံလိုက်ရပါတယ်။

ဒါကြောင့်ရေဖြူစင်တာကိုသွားပြီးဆေးကုသမှုခံယူပါတယ်။ဆရာမကနေ့စဉ်လာပြီးလိုအပ်တဲ့ကုသမှုတွေလုပ်ပေးပါတယ်။ဆရာမရဲ့လမ်းညွှန်တဲ့အတိုင်းနေထိုင်ပါတယ်။အစားအသောက်နဲ့ပတ်သက်ပြီးရေဖြူမှာအလှူရှင်ကနေ့စဉ်ရှိနေလို့အဆင်ပြေပါတယ်။ကိုယ်စားချင်တာတွေကိုလည်းမှာယူစားသောက်လို့ရပါတယ်။ စင်တာမှာ (၁၁)ရက်နေခဲ့ရပါတယ်။ အခုအိမ်ရောက်တော့လည်း ဆရာမကလမ်းညွှန်တဲ့အတိုင်း နေထိုင်လို့မိသားစု အားလုံးနေ ကောင်းနေပါပြီ။ကာကွယ်ဆေးမထိုးရသေးပါဘူးရှင့်။ ဆေးထိုးခွင့်ရတဲ့အခါမှာ မိသားစု အားလုံးဆေးထိုးနှံ သွားပါမယ်ရှင်။ ကျွန်မအနေနဲ့အကြံပြုချင်တာကတော့ကျွန်မက ကိုယ်ခံ အားကောင်းတဲ့ လူငယ်ဖြစ်ပေမဲ့ လွယ်လွယ် နဲ့ပိုးကူးစက်ခံလိုက်ရပါတယ်။

ကာကွယ်ဆေးထိုးထားပြီး စနစ်တကျ နေထိုင်ရင်တော့ ခုလိုလွယ်လွယ်ကူးစက် မခံရ လောက်ပါဘူး။ဒါကြောင့် ကာကွယ်ဆေးထိုးခွင့်ရတဲ့အခါမှာ ကျွန်မတို့မိသားစုအားလုံး ဆေးထိုးပါမယ်။ကိုဗစ်ရောဂါကိုကာကွယ်နိုင်ဖို့ လူတိုင်း ကာကွယ်ဆေးထိုးထားသင့်တယ်လို့ အကြံပြုပါသည်ဟု ကြားသိခဲ့ရပါသည်။

 

ကလိန်အောင်၊ပြန်/ဆက်