ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြန်မာဘာသာ၊ ပိုးကရင်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ကျိုက်ဒုံ စက်တင်ဘာ ၁၄

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် စာရေးဝန်ထမ်းများက မြန်မာဘာသာ၊ ပိုးကရင် ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးမှုများ ဆောင်ရွက်ရာမှာ ပြည်သူများ အနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည်များ အား လက်မခံပါရန်၊ နှာခေါင်းစည်းမတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန် စသည့်အသိပညာပေး နှိုးဆော်ချက်များအား အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

သန်ထွန်းနိုင် (ကျိုက်ဒုံ)