တောင်ငူ စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံရန် အသိပေးနှိုးဆော်မှု များကို မြို့ပေါ်ရပ်ကွက်များအတွင်း အသိပေးနှိုး ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်သွားလာမှုရှိစေရေး၊ ရောဂါကွင်းဆက် ပြတ်တောက်ရေး လုပ်ငန်းများ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရေးတို့အတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြသည်။
ဆက်လက်၍ တောင်ငူမြို့နယ်အတွင်း ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆေးထိုးစုရပ် နေရာအဖြစ် အမှတ် (၈) ရပ်ကွက် မင်းကြီးညိုရုပ်ထုအနီး ဂေခိုဂယ်ဘား ခရစ်ယာန်ကျောင်း၊ အ.ထ.က ၂၊ မြစည်းခုံသာသနာ့ဗိမာန်၊ ကေတုမတီမြို့သစ်၌ စက်တင်ဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့၌ ထိုးနှံနိုင်ရေးအပြင် Sinopharm ကာကွယ်ဆေး အမျိုးအစား ထပ်မံရောက်ရှိပြီး အသက် ၅၅ နှစ်နှင့်အထက်၊ မသန်စွမ်းများနှင့် ရောဂါအခံရှိသူများအား ဆက်လက်ထိုးနှံနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် လှည့်လည်နှိုးဆော် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ဇော်ထက်