အုတ်ဖို စက်တင်ဘာ ၁၆
အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား ပြည်သူများ သိရှိစေရေး လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပေးနှိုးဆော်ချက်များကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ ကာကွယ်ပါ ဟူသည့် ဆောင်ပုဒ်နှင့်အညီ နေအိမ်ပြင်ပထွက်လျှင် မဖြစ်မနေ ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ကြစေရေး၊ လူစုလူဝေး ရှောင်စေရေး၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏစနစ်တကျ ဆေးကြောကြစေရေး၊ ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်မထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြစေရေး၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး သတိပေးကြစေရေး၊ သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ကိုဗစ် -၁၉ရောဂါ ကာကွယ် ရေးအတွက် ထုတ်ပြန်ထားသည့် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက် ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကုစေရေးစည့် အချက်များအား ပြည်သူများသိစေရန် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အသိပေး လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူ