ပုဇွန်တောင် စက်တင်ဘာ ၁၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချနေမှုများအား ယနေ့နံနက်( ၁၀:၀၀) အချိန်က မြို့နယ်စည်ပင် သာယာရေး ဝန်ထမ်းအဖွဲ့များမှ လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် ပုဇွန်တောင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ လမ်းဘေးစျေးဆိုင်များမှ စျေးရောင်းသူများအား ကိုဗစ်-၁၉ စည်းကမ်းများနှင့် အညီ စျေးရောင်းကြရန်နှင့် ဝယ်ယူစားသုံးသော ပြည်သူများအနေနှင့် ဆိုင်ထိုင်စားသောက်ခြင်း မပြုကြ၍ လူစုလူဝေးဖြစ်ပေါ်ခြင်းကို တားဆီးနိုင်သဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်စေနိုင်မည် ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့သည်ဟု မြို့နယ်စည်ပင်သာယာရေး ဥက္ကဋ္ဌထံမှ သိရှိရသည်။
မြတ်သီရိခိုင်