ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မရှိစေရေး အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေး နှိုးဆော်ခြင်းများဆောင်ရွက်

ကမမောင်း  စက်တင်ဘာ  ၁၆

ကရင်​ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေး နှင့်မိဘပြည်သူများအားပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်း များကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန်၌ကိုဗစ်-၁၉ ရောဂါကူးစက်မှု များမရှိစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ်မျှမထိုးနှံရသေးသည့် သူများအား ဒုတိယအုပ်စုအနေဖြင့် ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်းများကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် ( ၃)ရပ် ကွက် ရာအိမ်မှူးနှင့်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုရောဂါကွင်း ဆက်ပြတ်တောက်နိုင်ရေးအချက်များ၊ မဖြစ်မနေအရေးကြီးကိစ္စများ၊ သွားလာရာ၌ ပါးစပ်နှင့်နှာခေါင်းစည်းMaskများစနစ်တကျတပ်ဆင် သွားလာနိုင်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါပြန့်ပွားမှုအား အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက် ကြရန်နှင့်ဒုတိယအုပ်စုအဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ထိုးနှံနိုင်ရေး အချိန်၊ နေ့ရက်နှင့်ထိုးနှံပေးမည့်နေရာများအား ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍အသိပေးတိုက်တွန်း နှိုးဆော်ချက် များကို ကြေငြာပေးခဲ့ကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)