မော်လမြိုင်ကျွန်းမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၃)ဦးထပ်မံတွေ့ရှိပြီး ဆေးရုံ ဆင်းခွင့်ရရှိသူစုစုပေါင်း (၅၃၅)ဦး နှင့် ကုသဆဲလူနာ (၆၁) ဦးသာကျန်ရှိ

မော်လမြိုင်ကျွန်းမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၃)ဦးထပ်မံတွေ့ရှိပြီး ဆေးရုံ ဆင်းခွင့်ရရှိသူစုစုပေါင်း (၅၃၅)ဦး နှင့် ကုသဆဲလူနာ (၆၁) ဦးသာကျန်ရှိ

မော်လမြိုင်ကျွန်း စက်တင်ဘာ  ၁၆

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့အချိန်အထိ ကိုဗစ်(၁၉) ရောဂါပိုးတွေ့ အတည်ပြုလူနာ (၇၃၁)ဦး ရှိပြီး ကျန်းမာရေးကောင်းမွန်စွာဖြင့်ဆေးရုံဆင်းသူစုစုပေါင်း (၅၃၅) ဦးရှိကာ ကုသဆဲအတည်ပြုလူနာ (၆၁)ဦး၊ လွှဲပြောင်းကုသလူနာ (၁၃) ဦး နှင့် ယနေ့အချိန်အထိ‌ သေဆုံးသူစုစုပေါင်း (၁၁၂)ဦး ရှိပြီဖြစ်‌ကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရသည်။

မြို့နယ်ကုတင် (၁၀၀) ဆေးရုံကြီးတွင် မြို့နယ်အတွင်းရှိသံသယလူနာများအားစစ်ဆေးရာမှ ပိုးတွေအတည်ပြုလူနာ (၃) ဦးထပ်မံတွေ့ရှိခဲ့ပါသည်။ အဆိုပါပိုးတွေ့လူနာများမှာ ရေလိန်ကျေးရွာအုပ်စု၊ လင်းနေချောင်းကျေးရွာနေပြည်သူ (၁) ဦး၊ ပျားမွတ်လျှော်ချောင်း ကျေးရွာအုပ်စု၊ ကံလှကျေးရွာနေပြည်သူ (၁) ဦးနှင့် စော်ကဲချောင်းကျေးရွာနေပြည်သူ (၁)ဦးတို့ဖြစ်ပါသည်။   လက်ရှိကုသဆဲလူနာ (၆၁) ဦးတွင် အောက်စီဂျင်ရှုနေရသူ (၁၀) ဦးထပ်မနည်းရှိနေပြီး ထပ်မံသေဆုံးလူနာမရှိပါ။ ကျန်ရှိနေသည့်ကုသဆဲလူနာများ အား မြို့နယ်ကုတင် (၁၀၀) ဆေးရုံကြီး၊ ကုတင် (၅၀)‌ ဆေးရုံနှင့် (၁၆) ကုတင်ဆံ့တိုင်းရင်း ဆေးရုံတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်းသိရသည်။

မြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးအား စနစ်တကျ သွားရောက် ထိုးနှံကြရန်၊  မလိုအပ်ပါက အပြင်မထွက်ရန် ၊ မဖြစ်မနေ အပြင်ထွက်ပါက mask ကို စနစ်တကျတပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ သွားလာနေထိုင်ခြင်း၊  လက်ကိုမကြာခဏဆေး‌ကြောခြင်းများဆောင်ရွက်ရန်၊ နေမကောင်း ဖျားနာပါက ဆေးရုံ ဆေးခန်းမသွားပဲ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းကုသနိုင်ရေး စီစဥ်ဆောင်ရွက်ထားရှိမှု အားလိုက်နာဆောင်ရွက်ရန်၊မြို့မစျေးကြီးနှင့်အိမ်ဆိုင်များ၊ စားသောက်ဆိုင်များအားလုံး နေ့စဥ်နေ့လည် ၁၂နာရီအချိန်ထိသာရောင်းချ ခွင့်ပြုထားခြင်းနှင့် mask နှင့်ဆေးဝါးဆက်စပ်ပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးလိုက်လံ စစ်ဆေးလျှက် ရှိပြီးမြို့နယ်ကိုဗစ် ၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ပြန်ကြားရေး ဆပ်ကော်မတီ၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ နေ့စဉ် ကြေညာ လျှက်ရှိ ကြောင်းသိရှိရသည်။

 အောင်အောင် (ပြန်/ဆက်)