ဘောဂလိ စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ဘောဂလိမြို့တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျော့ချစေရန်၊ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီ အချိန်မှစ၍ ဘောဂလိမြို့ သပြေညွှန့်ကျေးရွာတွင် အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူးဦးစောဘိုဘိုကျော် မှအနီးကပ် ကြီးကြပ်ဆောင်ရွက်ပေး လှျက်ရှိပြီး သပြေညွှန့်ကျေးရွာမှ သားဖွားဆရာမနှင့် တာဝန်ရှိသူများက အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုးရန် လာရောက်ကြသည့် ဒေသနေပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ရောဂါအခံရှိ/မရှိမေးမြန်းခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
ဘောဂလိ၊ ပြန်ဆက်