တောင်ကုတ် စက်တင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု မြင့်တက်မှုမရှိစေရေး ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရာ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်း Mask Campaign ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ နှင့် ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်း စည်းကမ်းသတ်မှတ်ချက်များ လိုက်နာမှုရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် စည်ပင်ရုံးမီးပွိုင့်လမ်းဆုံ ဆေးရုံဟောင်းရှေ့ လမ်းဆုံ၊ ညနေစျေးလမ်းဆုံနှင့် မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွ များ၌ စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့၍ နေ့လယ် ၂ နာရီအချိန်တွင်လည်း မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက် သွားမည် ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်းကမ်း ထိန်းသိမ်းရေးနှင့့် ကော်မတီ၊ အသိပညာပေးရေး ကော်မတီ ပူးပေါင်းအဖွဲ့သည် ပြည်သူများ နေအိမ် ပြင်ပသို့ အကြောင်းမဲ့ ထွက်ခွာမှုမရှိစေရေး၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက ရပ်ကွက်/ကျေးရွာအုပ် ချုပ်ရေးမှူးများမှ ထုတ်ပေးထားသည့် တစ်အိမ်ထောင်လျှင် တစ်ဦးသာ နေအိမ်ပြင်ပထွက်ခွာ ခွင့်ကတ်အား ကိုင်ဆောင်၍ နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာခြင်းရှိ/မရှိအား ရပ်ကွက်အတွင်းရှိ လမ်းဆုံလမ်းခွများ ရပ်ကွက် များအတွင်း လှည့်လည်၍ အသိပညာပေးခြင်း စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask များအား ဖြန့်ဝေကာ လက်သန့် ဆေးဖျန်းပေးခြင်းများ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
စန်းဝင်း(ပြန်ဆက်)