ဟင်္သာတ စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်ရောဂါကာကွယ် ဆေးအား သတ်မှတ်ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က ဟင်္သာတမြို့ တာကလေးရပ် ဦးအောင်မြတ်ကျော် ဘုရားဝန်း ရှိ ပြည်လုံးချမ်းသာ ခန်းမတွင် ကိုဗစ်- ၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးရမည့်သူများနှင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၅၅)နှစ်မှ (၆၄)နှစ်အတွင်း ပြည်သူများ ၊ ရဟန်းသံဃာတော်များနှင့် သတ်မှတ် ဦးတည်အုပ်စုတို့တွင် ပါဝင်သူများကို ကိုဗစ်ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။
ကာကွယ်ဆေးထိုးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလွင် ဦးဆောင်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စနစ်တကျ ဆေးထိုးနိုင်ရန်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒေါက်တာညီညီလွင် ထံမှ သိရှိရသည်။
ကိုဇော်-ခရိုင် ပြန်ဆက်