ရှမ်းရွာသစ် စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပေါ် ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းစေရန်နှင့် ရောဂါကွင်းဆက် ပြတ်တောက်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြားချက် များနှင့် အသက်(၁၈)နှစ်အထက် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံကြစေရေး နှိုးဆော်မှုများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ယနေ့ နံနက်ပိုင်း တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မိဘပြည်သူများအနေဖြင့် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ် ခြင်း မပြုရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို စနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တား ဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက် နာကြပြီး ပူးပေါင်း ပါဝင်ပေးကြရန်၊ အသက်(၁၈)နှစ်အထက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံနိုင်ရေး အချိန်၊ နေ့ရက်နှင့် ထိုးနှံပေးမည့် နေရာများအား ရပ်ကွက်များအတွင် လှည့်လည်၍ အသိပေးနှိုးဆော်ချက်များကို လိုက်လံကြေညာပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)