မော်လိုက်မြို့၌ ကိုဗစ်ရောဂါကုသရေးတွင် အထောက်အကူဖြစ်စေရန် ခရိုင်ပြည်သူ့ဆေးရုံသို့ Oxygen Concentrator (၃) လုံး ထပ်မံပေးအပ်လှူဒါန်း

မော်လိုက်  စက်တင်ဘာ   ၁၈

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ကိုဗစ်ရောဂါကုသရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်  10 Liter Oxygen Concentrator ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေးအပ်ပွဲတွင် ခရိုင်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖတို့က ကိုဗစ်ရောဂါ ကုသရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် Oxygen Concentrator (၃)လုံးတို့အား  ပေးအပ်လှူဒါန်းခဲ့ရာ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်စိုးက လက်ခံရယူခဲ့ပြီး ခရိုင်ကုသရေးဦးစီးဌာနမှူးက ခရိုင်ပြည်သူ့ဆေးရုံ၌ Oxygen Concentrator အသုံးပြုနေမှု အခြေအနေများနှင့် အသုံးပြုပုံများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ Oxygen Concentrator များကို ခရိုင်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့မိမြို့ဖတို့၏ အစီအစဉ်ဖြင့် 10 Liter Oxygen Concentrator (၃)လုံးကို ထပ်မံထောက်ပံ့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ သြဂုတ်လ(၆)ရက်နေ့ကလည်း Oxygen Concentrator (၂) လုံးကို ပေးအပ်လှူဒါန်းခဲ့နိုင်သဖြင့် ခရိုင်ပြည်သူ့ဆေးရုံအတွက် ကိုဗစ်ရောဂါ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် Oxygen Concentrator စုစုပေါင်း (၅)လုံး ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မော်လိုက်သားလေး