ပူတာအို စက်တင်ဘာ ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တာ၀န်ထမ်းဆောင်နေ ကြသော၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း ၀န်ထမ်းမိသားစုများ စား၀တ်နေရေးတစ်ဖက်တစ်လှမ်းမှ အထောက်အပံ့ဖြစ်စေရန်အတွက် ၀န်ထမ်းများအား ထောက်ပံ့ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်က ကိုဗစ်-၁၉ ရောဂါကာလအတွင်း ထောက်ပံ့ပစ္စည်း များထောက်ပံ့ပေး အပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းစိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်နိုင်၀င်းနှင့် ဦးဝေလင်းထွန်းတို့က ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ဆီ၊ ကြက်သွန်နီစသည့် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ၀န်ထမ်းများကိုယ်စားတာ ၀န်ရှိသူများက လက်ခံရယူကြသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲတွင် ၀န်ထမ်းတစ်ဦးလျှင် ခေါက်ဆွဲခြောက်(၁၀)ထုပ်စီ၊ ကြက်ဥ(၁၀)လုံးစီ၊ ဆီ(၅၀)ကျပ် သားစီ၊ ကြက်သွန်နီ(၅၀)ကျပ်သားစီနှင့် ၀န်ထမ်းစုစုပေါင်း (၃၈) ဦးအတွက် ကာလတန်ဖိုး ငွေကျပ်(၃၅၀၀၀၀)သိန်းတန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကိုထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ပူတာအို)