ဒေးဒရဲမြို့၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ပြည်သူများအားစုရပ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဆက်လက် ထိုးနှံပေး

ဒေးဒရဲ စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ပြည်သူ များအားစုရပ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းကို စက်တင်ဘာလ ၁၆ ရက်နေ့  နံနက် ၉နာရီမှ စတင်ထိုးနှံပြီး ယနေ့တွင် အဌမနေ့ မြောက်အဖြစ် ဆေးထိုးစုရပ် (၁၀)နေရာတွင် ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် Sinopharm ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ဒေးဒရဲမြို့ ပေါ်ရပ်ကွက် ()ခုရှိ ပြည်သူများကို အမှတ် () အခြေခံပညာအထက်တန်းကျောင်းရှိ   ကရဝိတ်ခန်းမတွင်းလည်းကောင်း၊ ကျေးလက်နေပြည်သူများအတွက် အကယ်တိုက်နယ် ၊နေ ရောင်ကာတိုက်နယ် ဆူးကလပ်တိုက်နယ်၊ ကျုံဒါးတိုက်နယ်ဆေးရုံများနှင့်  သက္ကယ်ချောင် ကျေးရွာ၊ မှော်အိုင် ကျေးရွာ၊ တော်ကမယ်ကျေးရွာ၊ တိုးကျေးရွာ၊ မိကျောင်းအိုင်ကျေးရွာစသည့် ကျေးလက်ကျန်းမရေးဌာနများတွင် နေ့စဉ် နံနက် ၈နာရီမှ ညနေ ၃နာရီထိ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိပြီး၊ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကိုယ်ပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတွင်းအောက်ဆီဂျင်တိုင်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး များထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း များကပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ဒုတိယအသုတ် ပထမအကြိမ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပြီး သူ(၃၂၂၀)ဦးရှိပြီး ၊ စုစုပေါင်းကာကွယ်ဆေး ထိုးနှံပြီးသူ (၇၇၅၇)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အေဇာလင်း၊ ပြန်ဆက်