ဘိုကလေး စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်းကာ ယမန်နေ့ နေ့လည်ပိုင်း၌ ရဟန်းရှင်လူ မိဘပြည်သူအပေါင်းတို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံစေရေးအတွက် မြို့နယ်အတွင်း၌ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ဆောင်ရွက်ခဲ့သည်။
နှိုးဆော်ရာတွင် အသက်(၅၅)နှစ်အထက် မိဘပြည်သူများ၊မသန်စွမ်းသူများ၊ နာတာရှည်ရောဂါသည်များနှင့် အသက်အရွယ်မရွေး သာသနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မြို့လယ်ကျက်သရေဆောင် အောင်တော်မူဘုရားကြီးတွင် နံနက်(၉) နာရီမှ ညနေ(၄)နာရီအထိ ကာကွယ်ဆေးလာရောက်ထိုးနှံနိုင်ကြောင်းနှင့် ကာကွယ်ဆေးလာရောက်ထိုးနှံပါက သာသနာဝန်ထမ်း ကဒ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းကဒ်များ၊ မှတ်ပုံတင်များ တစ်ပါတည်းယူဆောင်လာရန်လိုအပ်ကြောင်း နှိုးဆော်ဆောင်ရွက် ခဲ့ကြသည်။
မိုးစက်(ဘိုကလေး)