မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလိုက်နာရမည့်အချက်များအား လှည့်လည်နှိုးဆော်

မိုင်းဆတ် စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လိုက်နာရမည့် အချက်များအား ယနေ့နံနက်()နာရီက မြို့ပေါ်ရပ်ကွက် လမ်းဆုံများတွင် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြောင်းသိရသည်။

အသိပညာပေး လှည့်လည်နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ နေအိမ်ပြင်ပ ထွက်သွားလာပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာကြရန်၊ မိမိတို့နေအိမ်တွင် ပြင်ပ ဧည့်သည်များလက်မခံရန်၊ မိမိတို့အနေဖြင့်လည်းအခြားသူများထံမသွားကြရန်၊ လူစုလူဝေးပြုလုပ် ခြင်း သွားလာခြင်းကိုရှောင်ကြဉ်ရန်၊ စက္ကန့်(၂၀)ကြာ လက်ကိုမကြာဏဆေးကြောရန်၊ မိမိတို့နေအိမ် ပြတင်း တံခါးများဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း Mask များကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ် ရေးလုပ်ငန်းများကို မိဘပြည်သူအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းဆောင်ရွက် ပေးကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ အချက်များကို စနစ်တကျလိုက်နာကြရန် မယ်ဆွမ်တောင်ရပ်ကွက်၊ မိုင်းတုံလမ်းဆုံ၊ နှင့် ဝမ်ကျောင်း(ရပ်)တို့တွင် အသိပညာပေးနှိုးဆော်ခဲ့သည်။

ထိုသို့အသိပေးနှိုးဆော်ခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေးနှင့် ဝန်ထမ်းများကဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)