ရှမ်းရွာသစ် စက်တင်ဘာ (၂၄)
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်နေပြည်သူများ၏ လူမှုဘဝတိုးတက် စေရန်ရည်ရွယ်ပြီး ကရင် ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆိုလာနှင့်ဆက်စပ်ပစ္စည်းများကို ယနေ့နံနက် ပိုင်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင် နှင့် တာဝန်ရှိသူများတို့က မဲလရော ကျေးရွာအုပ်စုရှိ ကျေးရွာ များမှ ဘုန်းတော်ကြီးကျောင်းများသို့ လက်ဝယ်အရောက် ကွင်းဆင်း ပေး အပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆိုလာနှင့်ဆက်စပ်ပစ္စည်းများပေးအပ်ခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင် နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ၎င်းဆိုလာပါဝါများသည် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းခြင်း ဖြစ်ကြောင်း၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းတို့ အတွက်ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ဆိုလာအသုံးပြုပုံ အဆင့် ဆင့်ကို ရှင်းလင်း ပြောကြားပြီးနောက် ဆိုလာ နှင့်ဆက်စပ်ပစ္စည်းကို မဲလရောကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဘုန်းတော်ကြီး ကျောင်းထံသို့ လက်ဝယ် အရောက်ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ကျေးရွာများ၊ စာသင် ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဆေးပေးခန်းများအတွက် တာဝန်ရှိသူများတို့က ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)