အမြို့မြို့အနယ်နယ်သတင်းများ

Sep 25,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါအား ထိရောက် စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် စက်တင်ဘာလ ယနေ့ နံနက်ပိုင်းတွင် မြို့မစျေး၊ စျေးရှေ့နှင့် လမ်းဆုံကားဂိတ်တို့တွင် မြို့နယ်တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ နှာခေါင်းစည်း မတပ်ဆင်ထားသူများအား နှာခေါင်းစည်း Mask များ တပ်ဆင် သွားလာရေး လှုပ်ရှားဆောင်ရွက်မှု (Mask Campaign)နှင့် ရောဂါကြိုတင်ကာကွယ်ရေး အကြောင်းအရာများကို အများပြည်သူများ သိရှိလိုက်နာဆောင်ရွက် စေရေးတို့အတွက် အသိပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Sep 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ ရောဂါကုသရေး လုပ်ငန်းများနှင့် အခြား ကျန်းမာရေး စောင့်ရှောက်မှုများတွင် အသုံးပြုနိုင်ရန် ခရိုင်/မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ဆုံနေကြကုမ္ပဏီမှ မတည်ကာ ရပ်ဝေး/နီးမှ အလှူရှင်များ စုပေါင်းလှူဒါန်းသည့် အောက်ဆီဂျင် ထုတ်လုပ်သည့် စက်မှ အောက်ဆီဂျင်များကို စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်၍ ထုတ်လုပ်ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။
Sep 25,2021
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် အောင်ချမ်းသာကျေးရွာအုပ်စု၊ မန္တလေး-မတ္တရာ ကားလမ်းဘေးရှိ ရွှေကျင်စုပေါင်းစစ်ဆေးရေးဂိတ်တွင် ပုသိမ်ကြီးမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးနှင့်အဖွဲ့ဝင် (၃)ဦးတို့သည် နယ်ကျော်သွားလာမှုများအား လုံခြုံရေး ဆောင်ရွက်နေစဉ် နံနက် ၈ နာရီ ၁၇ မိနစ်အချိန်ခန့်တွင် အမည်မသိ လူ(၁)ဦးမှ လက်လုပ်မိုင်းဖြင့် လာရောက်ပစ်ခတ်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Sep 25,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ပြုလုပ်ပေးလျက်ရှိရာ ယ​မန်နေ့ နံနက်တွင် အဆိုပါရုံး၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Sep 25,2021
မိတ္ထီလာမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ယာယီဆေးကုသရေးဌာန၂ခုတွင်လိုအပ်လျက်ရှိသည့် အခြေခံစားသောက်ကုန်နှင့် အထောက်အကူပြု ပစ္စည်းများကို ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့ကခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
Sep 25,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှု မရှိစေရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ပညာပေးလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့ခြင်း၊ အနံ့မရခြင်း၊ နေမကောင်းခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်ခြင်းတို့ကြောင့် စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၄၄၇)ဦးရှိပြီး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေ့သည့် လူနာများထဲ၌ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ(၃၆၂)ဦးဆင်းခွင့်ရရှိ၍ ဆေးရုံဆင်းခွင့်ရရှိသူများ အားလုံး ကျန်းမာရေးကောင်းမွန် လျက် ရှိကြောင်း သိရသည် ။
Sep 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဒုတိယအသုတ်၊ ပထမအကြိမ်ဖြစ် ဒီပဲယင်းမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် စိုင်ပြင်မြို့အထက်တန်း ကျောင်းတို့တွင် စက်တင်ဘာ၂၄ ရက် နံနက် ၈ နာရီမှနေ့ ၁ နာရီထိထိုးနှံပေးလျက်ရှိကြောင်းသိရသည်။