တံတားဦး စက်တင်ဘာ ၂၅
ကျောက်ဆည်ခရိုင် တံတားဦးမြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှု မရှိစေရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ပညာပေးလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့ခြင်း၊ အနံ့မရခြင်း၊ နေမကောင်းခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်ခြင်းတို့ကြောင့် စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၄၄၇)ဦးရှိပြီး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေ့သည့် လူနာများထဲ၌ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ(၃၆၂)ဦးဆင်းခွင့်ရရှိ၍ ဆေးရုံဆင်းခွင့်ရရှိသူများ အားလုံး ကျန်းမာရေးကောင်းမွန် လျက် ရှိကြောင်း သိရသည် ။
တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို နေ့စဉ်နံနက်ပိုင်းတွင် စာရင်းပေးသွင်း၍ လာရောက်စစ်ဆေးနိုင်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူသည် နေမကောင်းခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့အရသာမရရှိခြင်း၊ မိမိကိုယ်တိုင် ရောဂါသံသယ လက္ခဏာဖြစ်ခြင်းတို့ကြောင့် လာရောက်ပြသခြင်း ဖြစ်ကြောင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုကို စနစ်တကျခံယူပြီး Test Kit ဖြင့် စစ်ဆေးရာ ပိုးတွေ့ရှိရခြင်းကြောင့် မိသားစုဝင်များ သီးခြားနေထိုင်ရေး စည်တို့ကိုပြောကြားပြိး၊ ဆေးရုံဆင်းခွင့်ရရှိသူများအား မြို့နယ်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆေးရုံဆင်း လက်မှတ်များပေးခဲ့ကာ မိမိတို့နေအိမ် တွင် Stay at Home နေထိုင်ရမည့် စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့ပါးသက်သာစေရန် အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိသည်။
တံတားဦးမြို့နယ်အတွင်း ဇူလိုင်လ(၂)ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ အမျိုးသား(၁၉၀)ဦး၊ အမျိုးသမီး(၂၅၇)ဦး စုစုပေါင်း(၄၄၇)ဦး၊ သေဆုံးသူ အမျိုးသား(၃၃)ဦး၊ အမျိုးသမီး(၄၅)ဦး၊ စုစုပေါင်း(၇၈)ဦးရှိကြောင်း၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ အမျိုးသား(၁၅၃)ဦး၊ အမျိုးသမီး(၂၀၉)ဦး၊ စုစုပေါင်း (၃၆၂)ဦးရှိပါကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲ အမျိုးသား (၄)ဦး၊ အမျိုးသမီး(၃)ဦး လူနာစုစုပေါင်း(၇)ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရဲတင့်(တံတားဦး)