မယ်စဲ့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေး

မယ်စဲ့ စက်တင်ဘာ  ၂၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ပြုလုပ်ပေးလျက်ရှိရာ ယ​မန်နေ့ နံနက်တွင် အဆိုပါရုံး၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်အတွင်းရှိ နိုင်ငံသားတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် ဆောင်ရွက်ပေးခြင်း လုပ်ငန်းများကို နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအတွင်း နေ့စဉ် မြို့နယ်ရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။

မယ်စဲ့မြို့နယ်တွင် စီမံချက်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် မှန်မှန်ကန်ကန်ရရှိရေးကို ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်ဝင်းထံမှ သိရသည်။

ဝတ်ရည်(ပြန်/ဆက်)