Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နတ်မောက်၌ ပန်းခင်းစီမံချက်ဖြင့် ပ-လက္ခုပ္ပင်ကျေးရွာရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစစ်ဆေးရေးကတ်များ အခမဲ့ပြုလုပ်ပေး
Sep 25,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရရှိစေရန်အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက် ပေးလျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် ပ-လက္ခုပ္ပင် ကျေးရွာရှိပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစစ်ဆေးရေးကတ်များ အခမဲ့ပြု လုပ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ပ-လက္ခုပ္ပင်ကျေးရွာသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Sep 25,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လွိုင်ကော်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ရပ်ကွက်နှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ချိကယ်ကျေးရွာအုပ်စုနှင့် လွိုင်လင်လေးမြို့တို့၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စုတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးခဲ့
Sep 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ထောင်ကြီးတန်းကျေးရွာ၊ ဂေါ်ဒူကျေးရွာ၊ ခတ္တာကျွန်းကျေးရွာများရှိ ပြည်သူများကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်း၍ ကိုဗစ်- ၁၉ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် ယမန်နေ့နံနက် ၁၀ နာရီအချိန်က စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံ၌ ပြည်သူ့ဆေးရုံကြီးဝန်းကျင် သန့်ရှင်းသာယာရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်
Sep 25,2021
မွန်ပြည်နယ်၊ သထုံမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးဝန်းကျင် သန့်ရှင်းသာယာရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်းကာ ယနေ့ နံနက်တွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းပြားမြို့ ၌ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးစုရပ်နေရာများတွင် (Mask Campaign) ပြုလုပ်ခြင်း နှင့်လက်ကမ်းစာစောင်များဖြန့်ဝေ
Sep 25,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်တားဆီးရေးနှင့် ကူးစက်မှုမရှိစေရေး အတွက် အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်း Mask များကိုမဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေးခြင်း MaskCampaign ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို စက်တင်ဘာ ၂၄ ရက် နေ့လည်ကမင်းပြားမြို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး စုရပ် ပြည်သူ့ဆေးရုံနှင့်ရာမောင်ခန်းမနေရာများ၌ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်တွင် စည်ပင်သာယာရေးဌာနပိုင် မြို့မစျေးနှင့် ၅ ရက် တစ်စျေးများအား စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည်ဖြစ်
Sep 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကျဆင်းလာ ပြီဖြစ်သဖြင့် စည်ပင်သာယာရေး ဌာနပိုင် မြို့မစျေးနှင့် (၅)ရက် တစ်စျေး များဖြစ်သော ပင်ခွန်စျေး၊ နောင်ဝိုးစျေး၊ ဆောင်းပြောင်း စျေး၊ ထီယွန်းစျေးတို့အား သတ်မှတ်ထားသော စည်းကမ်းချက် များနှင့်အညီ စက်တင်ဘာ၂၅ ရက်မှ စတင်ဖွင့်လှစ် ရောင်းချခွင့်ပြု သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်နိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များဆိုင်ရာ အသင်းချုပ်(ရန်ကုန်မြို့)မှ လှူဒါန်းသည့် Vitamin D-3 ဆေးရည်များအား သက်ဆိုင်ရာ ကျေးရွာတာဝန်ခံများသို့ ဆ…
Sep 25,2021
မြန်နိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များဆိုင်ရာ အသင်းချုပ်(ရန်ကုန်မြို့)မှ ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကိုယ်ခံအား ကောင်းမွန်ကာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအား ကာကွယ်နိုင်ရေးအတွက် သောက်သုံးနိုင်ရန်လှူဒါန်းသည့် (အမေရိကန်နိုင်ငံ) ကိုယ်ခံအားမြှင့်ဆေးရည် Vitamin D-3 ဆေးရည်များအား ယမန်နေ့တွင် ငပလီမြို့ ပရဟိတ လူမှုရေးအဖွဲ့မှ အလှူရှင်များ ကိုယ်စားသက်ဆိုင်ရာ ကျေးရွာတာဝန်ခံများသို့ ဖြန့်ဝေပေးခဲ့ ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့၌ “ပန်းခင်းစီမံချက် အသိပေးလက်ကမ်းစာစောင်များဆက်လက်ဖြန့်ဝေ
Sep 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလိုင်နှင့်ဝန်ထမ်းများသည် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော "ပန်းခင်း စီမံချက်”အား ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အတွက်အသိပညာပေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က မြို့မဈေး၊ မိုးနဲ-လင်းခေးလမ်းမနှင့် လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25434
Page
25435
Page
25436
Page
25437
Current page
25438
Page
25439
Page
25440
Page
25441
Page
25442
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department