ဒီပဲယင်း စစ်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဒုတိယအသုတ်၊ ပထမအကြိမ်ဖြစ် ဒီပဲယင်းမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် စိုင်ပြင်မြို့အထက်တန်း ကျောင်းတို့တွင် စက်တင်ဘာ၂၄ ရက် နံနက် ၈ နာရီမှနေ့ ၁ နာရီထိထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ဒီပဲယင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမည့်သူများမှအသက်(၆၅)နှစ်အထက်ပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများ၊ နှာတာရှည်ရောဂါနှင့် မကူးစက်နိုင်သည့်ရောဂါသည်များ ရွှေ့ပြောင်းအလုပ်သမားများ၊ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသခြင်း လုပ်ငန်းများတွင် ရှေ့တန်းမှတာဝန်ထမ်းဆောင်နေကြသည့်ကာကွယ်ဆေး မထိုးရသေးသော ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ ကာကွယ်ဆေးမထိုးရသေး သည့် စေတနာဝန်ထမ်း( Volunteer)များ၊ သာသနာဝန်ထမ်းများဘုန်းတော်ကြီးများ၊ သီလရှင်များ နိုင်ငံဝန်ထမ်းများနှင့်ရပ်ကွက်ကျေးရွာပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ဒီပဲယင်းမြို့ အထကကျောင်းတွင် (၂၉၀)ဦး၊ စိုင်ပြင်မြို့အထကကျောင်းတွင် (၉၅)ဦး စုစုပေါင်း(၃၈၅)ဦး ထိုးနှံပေး ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)