အမြို့မြို့အနယ်နယ်သတင်းများ

Sep 25,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်ပြည်သူ့ဆေးရုံ၌လိုအပ်လျက်ရှိသော ဆေးရုံသုံး ပစ္စည်းများဖြစ်သည့် Vaccum Machine စက်နှင့် Baby Warmer စက် နှင့်လိပ်သိုမြို့တိုက်နယ်ဆေးရုံအတွက် 5-KVA Genertor စက် လှူဒါန်းမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်က မြို့နယ်ဆရာဝန်ဒေါက်တာကျော်ကျော်လင်းထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 25,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့ နံနက် ၉ နာရီက စတင်ပြီး ဆေးထိုး စုရပ်(၄)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 25,2021
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၇)ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ နံနက်ပိုင်းတွင် သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးဝင်းဦးဆောင်သော တပ်ဖွဲ့ဝင်များ စုပေါင်း၍ သံတွဲခရိုင်ဆေးရုံဝန်းအတွင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီး ဌာနသည် သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinophram) ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ (၂၀)ရက်မြောက်နေ့အဖြစ် ယနေ့နံနက်၈နာရီ အချိန်က စတင်၍ သတ်မှတ်စုရပ်နေရာများဖြစ်သည့် ဆားလင်းကြီး(အထက)ရှိ ပန်းမြတ်သဇင် ခန်းမနှင့် ကျားတက်(အထက)တို့တွင် မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
Sep 25,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ကျေးလက်နေပြည်သူများ၏ ခေါင်းဆောင်မှုနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို ပိုမိုသိရှိပြီး လိုက်နာဆောင်ရွက် နိုင်ရေးအတွက် ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသိပညာပေးသင်တန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိရာ ကျေးရွာပေါင်း ၁၅ ရွာ၌ ဖွင့်လှစ်သင်ကြား ပို့ချပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
Sep 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြိုနယ်တွင် အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်း ပြည်သူများ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က စ၍ ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးနေကြောင်း သိရသည်။