ရှမ်းပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် မန္တလေး-လားရှိုးသွား ကားလမ်းမကြီးဘေး ရေနှုတ်မြောင်း တူးဖော်နေမှု၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှုအား ကြည့်ရှု့စစ်ဆေး

နောင်ချို စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့သည် ယမန်နေ့ ၁၂ နာရီအချိန်တွင် နောင်ချိုမြို့နယ်သို့ ရောက်ရှိကာ ရေနှုတ်မြောင်းတူးဖော်နေမှု၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှု တို့အားကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့တို့သည် ဂုတ်တွင်းလမ်းကို ဖြတ်သန်း၍ မန္တလေး-လားရှိုးသွား ကားလမ်းမကြီးဘေး မိုင်တိုင်အမှတ် (၇၈/၅)နှင့် (၇၈/၆)ကြားတွင် အိုရီယမ်တယ်တိုးဂိတ် ကုမ္ပဏီလီမိတက်မှ ရေစီး‌ရေလာကောင်းမွန်စေရန် ရေနှုတ်မြောင်း တူးဖော်နေမှု၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးရှေ့ရှိ လျှပ်စစ်ဓာတ်အားလှိုင်းကြိုးများနှင့် မလွှတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း နေမှုများကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ထွေးငယ်(ပြန်ဆက်)