တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် မိုးစပါးမျိုးစေ့ထုတ်တောင်သူ (၃၂)ဦးကို ထောက်ပံ့ငွေများပေးအပ်

ခါမ်းပါတ် သြဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ၊ တမူးခရိုင် ၊ ခါမ်းပါတ်မြို့တွင် (CERP)အစီအစဉ်အရမိုးစပါး မျိုးစေ့ထုတ် တောင်သူ (၃၂)ဦးတို့ကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းစိုက်ပျိုးရေးဦးစီးဌာနရုံးမှသိရသည်။

ခါမ်းပါတ်မြို့တွင် အရည်အသွေးကောင်းစပါးမျိုးတစ်ဧက(၁၅၀၅၀၀)ကျပ်နှင့် အထွက်ကောင်းစပါးမျိုးတစ်ဧကလျင်(၁၄၈၅၀၀) ကျပ်နှင့် စုစုပေါင်း ဧက(၁၆၀) အတွက် ပထမအကြိမ်ထောက်ပံ့ငွေများကို မျိုးစေ့ထုတ် တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။ "ကျွန်တော်ကတော့ ဧရာမင်းမျိုးစေ့ ထုတ်( ၅ )ဧကစိုက်ထားပါတယ်၊ ဝမ်းသာပါတယ်၊ တစ်ခါမှ သည်လို ထောက်ပံ့မှုမျိုးမကြုံဖူးတော့ ပြောမပြတတ်အောင်ဝမ်းသာပါတယ်"ဟု ထင်းဇင်ရွာသစ်ကျေးရွာမှ တောင်သူ တစ်ဦးကပြောပါသည်။ ကိုဗစ်-19 ကာလအတွင်း စီးပွားရေးလျော့ကျမှုအပေါ်ပြန်လည်ကုစားသည့် အစီအစဉ်ဖြင့် တောင်သူ များကိုယ်တိုင် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ရောင်းချနိုင်အောင် စီမံဆောင်ရွက်ပေးသည့် အစီအစဉ်ဖြစ်ကြောင်းလည်း သိရသည်။

သားငယ်(ပြန်/ဆက်)