မိုင်းရှူး ဩဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်မှ ၂၀၁၉-၂၀၂၀ပညာသင်နှစ် ခရိုင်အဆင့် (ဘက်စုံထူးချွန်) လူရည်ချွန်အဖြစ် ရွေးချယ်ခံရသော မောင်/မယ် များအား မြို့နယ်မှ ထပ်ဆင့် ဂုဏ်ပြုသည့် အခမ်းအနားကို ဩဂုတ်လ ၂၂ ရက်နေ့က မိုင်းရှူးမြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ခေရဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဒေါ်နန်းကောင်ခမ်း၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးဦးစောလွင်နှင့် မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေတို့က အမှာစကားပြောကြားခဲ့ပြီး ဆုရရှိသော လူရည်ချွန်မောင်/မယ်များအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းများ၊ ဂုဏ်ပြုဆု တံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ မိုင်းရှူးမြို့၊အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ် ဆရာ မကြီး ဒေါ်နန်းခင်ဖြူနှင့် လူရည်ချွန် မောင်/မယ်များကိုယ်စားနန်းဟွမ်နွမ်းတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ပညာသင်နှစ်တွင် မိုင်းရှူး မြို့နယ်မှ(ဘက်စုံထူးချွန်)လူရည်ချွန် မောင်/မယ်(၄)ဦး ရှိပြီး မောင်ပြည့်ဖြိုးကျော် (နဝမတန်း-ပြောင်း)၊ မောင်ရန်နိုင်(အဋ္ဌမ တန်း)၊ မနန်းမိုမိုအွန်စော (နဝမတန်း)နှင့် နန်းဟွမ်နွမ်း(ဒသမတန်း)တို့ဖြစ်ကာ ဒသမတန်းကျောင်းသူ နန်းဟွမ်နွမ်း အနေဖြင့် နှစ်ထပ်ကွမ်း လူရည်ချွန်ရရှိသည့်အပြင် ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဇီဝဗေဒဘာသာဂုဏ်ထူးဖြင့် ဖြေဆိုအောင် မြင်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)