ပုသိမ် သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူပေါင်းပြီး (CERP) အစီအစဉ်ဖြင့် ကိုဗစ် - ၁၉ ကာလအလွန် စီးပွားရေး ပြန်လည်ကုစားရေး အစီအစဉ်အရ အလုပ်အကိုင်လအခွင့်အလမ်း ဖော်ဆောင် ပေးခြင်းနှင့် အသက်မွေး ဝမ်းကြောင်းဆိုင်ရာ ဆေးဆပ်ပြာနှင့် သဘာဝခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းဖွင့်ပွဲ ပြုလုပ်ရာ တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူး၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးမြင့်အောင်နှင့် ဝန်ထမ်းများ သင်တန်းနည်းပြများ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းတွင် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူးမှ သင် တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးမြင့်အောင် က အမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းကို တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူးဦးစီးပြီး နည်းပြများဖြင့် သင်တန်းသား၊ သင်တန်းသူ (၃၅) ဦးတို့ကို ခြောက်ရက် ကာလအတွင်း ကော်ဖီဆပ်ပြာ၊ ဆန် ၊ သခွား ၊ထောပတ် ၊ ဓနိဖူးခြောက်၊ ခရမ်းချဉ်သီး ၊ သစ်တော်သီး ၊ မန်ကျည်းသီးဆပ်ပြာနှင့် သဘာဝ ခေါင်းလျှော်ရည် ပြုလုပ်နည်းများကို သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဟန်