အင်တော သြဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ မသန်စွမ်းသူများအား နိုင်ငံတော်မှ ငွေသားများထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက် ၁၀နာရီ က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ခံ၊ ရပ်ကျေးစာရေးများက မြို့ပေါ်(၆) ရပ်ကွက်နှင့် အုန်းကွဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ မသန်စွမ်းသူများ (၂၅)ဦးတို့အား နိုင်ငံတော်မှထောက်ပံ့ငွေ တစ်ဦးလျှင် (၃)သောင်းကျပ်နှုန်းစီဖြင့် စုစုပေါင်းကျပ် (၇၅၀၀၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ခိုင် (ပြန်/ဆက်)