ကိုဗစ်-၁၉ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စားသောက်ဆိုင်များအား ရှောင်တခင် စစ်ဆေး

တုံတာ   ဩဂုတ် ၂၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၌ ကိုဗစ်-၁၉ကာလအတွင်း သတ်မှတ် ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိကို ယမန်နေ့ ညနေ ၄ နာရီက တုံတာမြို့ပေါ်ရှိ စားသောက်ဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် တုံတာမြို့ စည်ပင်သာယာရေးကော်မတီရုံးခွဲမှ ဒုတိယဦးစီးမှူး ဦးမျိုးသန်းထိုက်နှင့် တာဝန်ရှိသူများ၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းလှအေးနှင့် ကျန်းမာရေးဝန်ထမ်းများက တုံတာမြို့ပေါ်ရှိ စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ နှင့်အညီ လက်ဆေးဘေစင်များထားရှိခြင်း ရှိ/မရှိ၊ လက်သန့်ဆေးရည်များ ထားရှိခြင်း ရှိ/မရှိ၊ စားသောက်ဆိုင် ပိုင်ရှင်များ နှာခေါင်းစည်း (Mask) တပ် ဆင်ခြင်းရှိ/မရှိနှင့် စားသုံးသူများအား တစ်ဦးနှင့်တစ်ဦး(၃)ပေအကွာတွင်  ထားရှိခြင်းရှိ/ မရှိတို့ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

လှိုင်လှိုင်ငြိမ်း (ပြန်/ဆက်)