အမြို့မြို့အနယ်နယ်သတင်းများ

Aug 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့ တွင်  ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ ကိုဗစ်-၁၉
Aug 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေး လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ငါးမွေးတောင်သူများသို့ ငါးသားပေါက်များထောက်ပံ့ခြင်း အခမ်း အနားကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံး တွင်ကျင်းပကြောင်းသိရသည်။
Aug 25,2020
ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွား၊ ဖြစ်ပွားမှုများ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ညွှန်ကြားချက်များနှင့်အညီ  စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ရှိ ရတနာသိင်္ဃတံတားတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ရေး ဂိတ်အား ဩဂုတ် ၂၃ ရက်နေ့က စတင်၍  ပြန်လည်ဖွင့်လှစ်ပြီးအပူချိန်တိုင်းခြင်း၊ အပြင်ထွက်လျင် Mask တပ်ဆင်ကြရန်၊ လက်ကို မကြာခဏဆေးကြရန် အသိပညာပေး ဆောင်ရွက်မှုများ ပြုလုပ် လျက်ရှိ ကြောင်း သိရှိရသည်။
Aug 25,2020
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀)နာရီ အချိန်က လဟယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပသည်။
Aug 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်း မဖြစ်ပေါ်စေရေးအတွက် ပြည်သူများ အပြင်ထွက်သွားလာရာ၌ နှာခေါင်းစည်း များ(Mask)များ စနစ် တကျ တပ်ဆင်သွားကြရန် အသိပညာပေးလှုပ်ရှားမှုကို ယနေ့နံနက် ၈ နာရီအချိန်က ကုန်းခါးရပ်ကွက် လမ်းဆုံ ပန်းခြံနှင့် မဘိမ်း - ငါးအိုးသွားလမ်းမပေါ်တွင် ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
Aug 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက စတင်ပြီး ကျန်းမာရေး စစ်ဆေးရေး ဂိတ်ဖွင့် လှစ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။
Aug 25,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ် ၊နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများ မှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲ ဝင်များ တက်ရောက်ခဲ့ကြောင်းသိရ သည်။