ဒဂုံ ဩဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါထိန်းချူပ်ရေးကာလအတွင်း မဲပေးရာတွင် အဆင်ပြေစေရေးအတွက် အသုံးပြုမည့် မဲရုံနေရာများ ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့ မွန်းလွဲ(၂) နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအီနွယ်လှိုင်ပူ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေမေသန်းနှင့် ပညာရေး ဌာနမှ တာဝန်ရှိသူတို့ ပူးပေါင်း၍ အမှတ်(၂) အခြေခံပညာ အလယ်တန်း ကျောင်းသို့ ကွင်းဆင်းခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ခွဲကော်မှရှင်တာဝန်ခံများကမဲရုံနေရာ အကျယ်အဝန်း၊ ပြည်သူ များ စနစ်တကျ မဲပေးနိုင်ရန်အတွက် မဲရုံအတွင်း ဆောင်ရွက် ထားရှိရမည့် အချက်များ၊ တစ်ဦးနှင့်တစ်ဦး (၆)ပေ အကွာ ထားရှိရေး၊ လက်ဆေးကန်များ စနစ်တကျ ထားရှိရေးနှင့် သက်ကြီးမဲ ပေးသူများ အဆင်ပြေစေရန် လိုအပ်သည်များ ဖြည့်စွက် ဆောင်ရွက်ထားရှိရေးတို့ကို ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံများအား မှာကြားကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)