ငဖဲ ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ် ၊နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများ မှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲ ဝင်များ တက်ရောက်ခဲ့ကြောင်းသိရ သည်။
အဆိုပါအစည်းအဝေးတွင် ငဖဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးညွန့်မြင့် က မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်ကပ်ထားကြေညာမှုနှင့် ပတ်သက်၍ မဲစာရင်းများ မှန်ကန် ရေးကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်ပါဝင်သည့် ဌာန ဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ မြို့နယ်အတွင်းရှိ သက်ဆိုင် ရာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင်မဲဆန္ဒရှင်စာရင်းများအား (၁၄)ရက်ကြာ ရပ်ကွက် /ကျေးရွာအုပ်စုများအတွင်းပထမ အကြိမ်ကြေညာလျက်ရှိရာ မဲစာရင်းများအားပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)များဖြင့် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများလွဲမှားမှု နှင့် ကျန်ရှိ နေမှု များမရှိစေရေး ၊ပြည့်စုံမှန်ကန်မှုရှိစေရေး အတွက် သက်ဆိုင်ရာရပ်/ကျေးတာဝန်ရှိသူများ က အိမ်တိုင် ရာရောက်မဲစာရင်းများ ပြန်လည် စိစစ်ပေးသွားကြစေ လိုကြောင်းဆွေးနွေး ပြော ကြား ခဲ့ကြောင်းသိရသည်။
မယု(ငဖဲ)