ကျွန်းလှ ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက စတင်ပြီး ကျန်းမာရေး စစ်ဆေးရေး ဂိတ်ဖွင့် လှစ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့သို့ ဝင်ရောက်လာသော အဝေးပြေးမော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ရပ်တန့်ပြီး အပူချိန်တိုင်းခြင်း၊ အပြင်ထွက်လျှင် Mask နှာခေါင်းစည်းများ တပ်ရန် စစ်ဆေးခြင်းနှင့် မြို့ပေါ် စည်ပင်သာယာဈေး၊ ရပ်ကွက်ဈေး၊ ပျံကျဈေးအတွင်း ရောင်းချသော ဈေးသည်များ Maskနှာခေါင်းစည်း တပ်ဆင် ရောင်ချရေးနှင့် ကျန်းမာရေး အသိပညာပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်းမြို့နယ် စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးထွန်းလင်းဇော်က ပြောကြားခဲ့သည်။
ထိုသို့ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်ဟာယာရေး ကော်မတီ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)