ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ မရှိစေရန်  ကျန်းမာရေး စစ်ဆေးရေးဂိတ်အား ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်

ကျောက်မြောင်း  ဩဂုတ် ၂၅

ကိုဗစ်-၁၉ ရောဂါ  ကူးစက် ပြန့်ပွား၊ ဖြစ်ပွားမှုများ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ညွှန်ကြားချက် များနှင့်အညီ  စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ရှိ ရတနာသိင်္ဃတံတားတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ရေး ဂိတ်အား ဩဂုတ် ၂၃ ရက်နေ့က စတင်၍  ပြန်လည်ဖွင့်လှစ်ပြီးအပူချိန်တိုင်းခြင်း၊ အပြင်ထွက်လျင် Mask တပ်ဆင်ကြရန်၊ လက်ကို မကြာခဏဆေးကြရန် အသိပညာပေး ဆောင်ရွက် မှုများ ပြုလုပ် လျက်ရှိ ကြောင်း သိရှိရသည်။

 အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်နေမှုကို  ကျောက်မြောင်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းအေးခိုင်၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် မြို့မိမြို့ဖတို့မှ ကျန်းမာ‌ရေး ဆောင်ရွက်မှုများကို ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဇင်ပိုင်မှူး(ကျောက်မြောင်း)