နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးကျင်းပ

လဟယ် ဩဂုတ်  ၂၅

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀)နာရီ အချိန်က လဟယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ လဟယ်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌဦးမျိုးညီညီ က အဖွင့်အမှာစကား ပြော ကြားပြီး လဟယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကယ် မှဖြည့်စွက် ဆွေး နွေးသည်။

အဆိုပါ အစည်းအဝေးတွင် ယခင်က ကျန်းမာရေးစစ်ဆေးရေးဂိတ် အမှတ်(၁)နှင့်အမှတ်(၂)ဟူ၍
မြို့၀င်/ထွက်ဂိတ်(၂)ခု ဖွင့်လှစ်ပြီး ခရီးသွားပြည်သူများအား ခရီးသွားရာဇ၀င် စစ်ဆေးခြင်းနှင့် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ခဲ့ရာ လဟယ်-ခန္တီးမြို့အ၀င်ဂိတ်အား ဖျက်သိမ်းပြီး လဟယ်-နန်းယွန်းဂိတ်အမှတ်(၂)သာ ထားရှိဆောင်ရွက် ခဲ့ရာ ယခုအချိန် ကိုဗစ်ရောဂါ ပိုးတွေသူလူ ဦးရေတိုးလာ သဖြင့်မြို့၀င် /အထွက်ဂိတ် (၂)ဂိတ်လုံး ပြန်ဖွင့်လှစ်သွားရန်နှင့် အိန္ဒိယ နယ်စပ် အ၀င်အထွက် ရှိသောယမ်းကြုံးကျေးရွာနှင့်ပုံညိုကျေးရွာတို့တွင် ကျန်းမာရေး စစ်ဆေး ရေး ဂိတ်ဖွင့်လှစ်ဆောင်ရွက်ရန်မြို့နယ်ကိုဗစ်-၁၉ကော်မတီမှ ထောက်ပံ့ပေးမည့် အစီအစဉ်များ ဆွေးနွေးပါသည်။

ဆက်လက်ပြီး မြို့ပေါ်တွင် ကွာရီတင်းစခန်းထားရှိမည့်နေရာအား သတ်မှတ်ခြင်း၊ မြို့ပေါ် ရပ်ကွက်အတွင်းရှိ စားသောက် ဆိုင်များ၊ လဖက်ရည်ဆိုင်များ ၊ အထက်တန်းကျောင်းများ ကျန်းမာ ရေးနှင့် အားကစား၀န်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်နိုင်ရေး အလေးထားကြပ်မတ်ဆောင်ရွက် သွားရန်ဆုံးဖြတ်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ရှားဆက်(ပြန်/ဆက်)