မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

မဘိမ်း     ဩဂုတ်     ၂၅             

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများ အပြင်ထွက်သွားလာရာ၌ နှာခေါင်း စည်း များ(Mask)များ စနစ်တကျ တပ်ဆင်သွားကြရန် အသိပညာပေး လှုပ်ရှားမှုကို ယနေ့နံနက် ၈ နာရီအချိန်က ကုန်းခါးရပ်ကွက် လမ်းဆုံ ပန်းခြံနှင့် မဘိမ်း - ငါးအိုး သွားလမ်းမပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေး ရာအဖွဲ့ ဉက္ကဋ္ဌ ဒေါ်သင်းသင်းရီနှင့် အဖွဲ့ဝင်များက မဘိမ်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အပြင် ထွက်သွားလာရာတွင် နှာခေါင်းစည်း(Mask)များ မဖြစ်မနေတပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ  မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား စနစ်တကျ လိုက်နာကြရန်နှင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်အချက်များကို အသိပညာပေး ဆောင်ရွက် ခဲ့ပြီး ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)