အမြို့မြို့အနယ်နယ်သတင်းများ

Aug 25,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဒုတိယဖြစ်ပွားမှုအများဆုံးရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် (HPV) ကာကွယ်ဆေးထိုးနှံခြင်းကို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ သိရှိရသည်။
Aug 25,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရေးအတွက် ဆိုင်ကယ်စီး‌နင်းကြသူများအား ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ပညာပေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ဆောင်ရွက်ခြင်းကို ဩဂုတ် ၂၂ ရက်န့က စပြီးပင်လည်ဘူး-‌ ကောလင်း- ဖောင်းပြင်သွား ကားလမ်းဆုံတွင် ပြုလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
Aug 25,2020
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယမန်နေ့နံနက်ပိုင်းက မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂ နှစ်အောက်ကလေးများအား MCCT အစီအစဉ်အရ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
Aug 25,2020
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကျေးလက်နေပြည်သူများ ဝင်ငွေနည်းလျော့နည်းလာမှုနှင့်
Aug 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်စာရင်းများပြည့်စုံ မှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 25,2020
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ) ဖြင့် လျှောက်ထားသူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Aug 25,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အခြေခံပညာအထက်တန်း ကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ထပ်မံမဖြစ်ပေါ်လာစေရန် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ ပေါ့လျှော့မှု မဖြစ်စေရေး အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။