ကျိုင်းတုံ သြဂုတ် ၂၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နမ့်ခင်နွဲ့(၁)ရပ်တွင် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နမ့်ခင်နွဲ့(၁)ရပ်၊ ဦးကျိုင်းတစ်၏ သွပ်မိုး၊ အုပ်ညှပ်၊ ပြင်ခင်း နေအိမ်အပေါ် ထပ်အတွင်းသို့ ဦးစိုင်းလောင်ခမ်းက ခိုးဝင်ရောက်ပြီး အိပ်ခန်းအတွင်းရှိ အဝတ်အထည်များအား ဂတ်စ်မီးခြစ်ဖြင့် မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅ မိနစ်ခန့်တွင် မီးငြှိမ်းနိုင်ခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးကာ လူနှင့်တိရိစ္ဆာန် ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း သိရသည်။
မီးလောင်မှုကြောင့် ဦးစိုင်းလောင်ခမ်းအား ကျိုင်းတုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
အောင်ဇင်မြင့် (ပြန်/ဆက်)