အမြို့မြို့အနယ်နယ်သတင်းများ

Aug 23,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာချစ်ဦးညို၏ “တိုးတက်ခြင်း၊ ‌ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၁၁)နာရီက ပြုလုပ်ခဲ့ သည်။
Aug 23,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပူတာအိုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Medical Action Myanmar (MAM) တို့ ပူးပေါင်း၍ Access to Health ရန်ပုံငွေဖြင့် ဖွင့်လှစ်ခဲ့သည့် လူထုကျန်းမာရေးလုပ်သားသစ်လွင်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက ပူတာအိုခရိုင် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 23,2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းသည် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရပ်စောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးရုံးခန်းတွင် ရပ်စောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
Aug 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ပိုးသတ်ဆေးအရောင်းဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 23,2020
ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း ကလေးအလုပ်သမားပပျောက်ရေးစစ်တမ်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 23,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အရေးကြီးကုန်စည်နှင့် ကျွဲ/နွားများ သယ်ဆောင်ရာတွင် သိရှိလိုက်နာရမည်အချက်များအားရှင်းလင်းခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 23,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာ အခြေခံမူလတန်း(လွန်)ကျောင်းကို အလျား (၄၈ ပေ၊ ၉ လက်မ)၊ အနံ (၁၈ ပေ၊ ၃ လက်မ) ရှိ အုတ်ညှပ်၊ သွပ်မိုး၊ ကွန်ကရစ်ခင်းကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆောက်လုပ်ထားရာ လိုအပ်သည်များ တိုးချဲ့ပြုပြင်နိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ယမန်နေ့နံနက် ၈ နာရီတွင် အဆိုပါ ကျောင်းဆောင်၌ ထောက်ပံ့ငွေပေးအပ်သည်။