ပူတာအို၌ လူထုကျန်းမာရေးလုပ်သားသစ်လွင်သင်တန်းဆင်း

ပူတာအို ဩဂုတ် ၂

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပူတာအိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Medical Action Myanmar (MAM) တို့ ပူးပေါင်း၍ Access to Health ရန်ပုံငွေဖြင့် ဖွင့်လှစ်ခဲ့သည့် လူထုကျန်းမာရေး လုပ်သားသစ်လွင်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (နာရီက ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန့်ဇင်ထွန်းတို့က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ကြပြီး Medical Action Myanmar မှ စီမံချက်တာ၀န်ခံ ဒေါက်တာ ဟိန်းထက်နောင်က သင်တန်းဖွင့်လှစ်ခဲ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာ၀န်ရှိသူများက လူထုကျန်းမာရေးလုပ်သားများအား သင်တန်းဆင်းလက်မှတ်များ၊ ထောက်ပံ့ပစ္စည်းများနှင့် သင်တန်းထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူ (ဦးအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြပြီး လူထုကျန်းမာရေး လုပ်သားသင်တန်း သား၊ သင်တန်းသူများကိုယ်စား ဦးထီဖုန်ရမ်က ကျေးဇူးတင်စကား ပြောကြားသည်။

သင်တန်းကို ဝေးလံခက်ခဲဒေသ(သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းများ လက်လှမ်းမီနိုင်ရန်ခက်ခဲသည့် ကျေးရွာများအတွက် ကျန်းမာရေးလုပ်ငန်းများကို လူထုကိုယ်စားပြုလုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ် သည်။

ပူတာအိုမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ (၂၃)ဦး၊ မချမ်းဘော့မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ (ဦး စုစုပေါင်း (၂၇) ဦးတို့အား စာတွေ့သုံးပတ်ကို ခရိုင်ပြည်သူ့ဆေးရုံနှင့် လက်တွေ့တစ်ပတ်ကို ကျေးလက် ကျန်းမာရေးဌာနခွဲသုံးခုတွင် သင်ကြားပေးခဲ့ပြီး သင်တန်းကာလတစ်လဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လူထုကျန်းမာရေးလုပ်သားများအနေဖြင့် မိမိကျေးရွာများတွင် ကျန်းမာရေးပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွဲဖက်လုပ်ကိုင်ခြင်း၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ ထူးခြားဖြစ်စဉ်များအား သတင်းပို့ခြင်း၊ အရေးပေါ်လူနာညွန်းပို့ခြင်းနှင့် အခြား ကျန်းမာရေးလုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်သည်။ ပူတာအိုခရိုင်အတွင်း ၂၀၁၉ ခုနှစ်တွင် သင်တန်း သား၊ သင်တန်းသူ(၄၆ဦး မွေးထုတ်နိုင်ခဲ့ပြီး သင်တန်းအတွက် လိုအပ်သည့်ပစ္စည်းများ၊ ကျေးရွာအတွက်လိုအပ်သော ဆေးပစ္စည်းများကို Medical Action Myanmar မှ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပြန်/ဆက်)