ထီးချိုင့်မြို့နယ်အတွင်းရှိ ပိုးသတ်ဆေးအရောင်းဆိုင်များအား သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ထီးချိုင့် ဩဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ပိုးသတ်ဆေးအရောင်းဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန် က စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးသတ်ဆေးအရောင်းဆိုင်စစ်ဆေးရာသို့ ကသာခရိုင် သီးနှံကာကွယ်တာဝန်ခံ ဦးအောင်မျိုးဦးနှင့် အဖွဲ့ဝင်များ၊ ထီးချိုင့်မြို့နယ် စိုက်ပျိုး‌‌ရေးဦးစီးမှူး ဦးဇော်ဦးနှင့် မြေအသုံးချ‌ရေးတာဝန်ခံ၊ မျိုးစေ့တာဝန်ခံ၊ ပိုးမွှားတာဝန်ခံများနှင့်အတူ ထီးချိုင့်မြို့နယ်အတွင်း ​ရောင်းချလျက်ရှိ​သော ပိုးသတ်​ဆေးဆိုင်၊ မြေသြဇာဆိုင်များအား သတ်မှတ်ထားသော လိုင်စင်၊ စည်းကမ်းချက်များနှင့်အညီ​ ရောင်းချခြင်းရှိ/မရှိ၊ တရားမဝင်ပိုးသတ်​ဆေး၊ ပိတ်ပင်ထားသောဆေးများနှင့် မြေဆီများ ရောင်းချခြင်း ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရှိရသည်။

ရဲလင်းထွန်း