ကာမိုင်း ဩဂုတ် ၂၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာချစ်ဦးညို၏ “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၁၁)နာရီက ပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် စာပေချစ်သူများအသင်း၏ နာယကဦးစိန်ဝင်းက မိတ်ဆက်စကားပြောကြားပြီး၊ အသင်းဥက္ကဋ္ဌဖြစ်သည့် ဒေါ်အေးအေးမြင့်က “အတွေးအမြင်သစ်များ၊ လုပ်သင့်လုပ်ထိုက်သောအရာတစ်ခုကို လုပ်သင့်ကြောင်းနှင့် လူကိုတန်ဖိုးမထားခြင်းသည် ယဉ်ကျေးမှုနိမ့်ခြင်းပါလား” စသည်တို့ကို ဆွေးနွေးပြောကြား၍ အဖွဲ့ဝင်များကလည်း အသီး သီးပါဝင်ဆွေးနွေးခဲ့ ကြောင်း သိရသည်။
စာပေချစ်သူများအသင်းဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခြင်းကို ကျန်းမာရေးဌာနမှ လမ်းညွှန် ချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး သုံးပေအကွာ ထိုင်ခိုင်းစေပြီး နှာခေါင်းစည်းများ ကို အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)