မိုးနဲမြို့၌ အရေးကြီးကုန်စည်နှင့်စပ်လျဉ်း၍ ကျွဲ/နွားများသယ်ဆောင်ရာတွင် သိရှိလိုက်နာရမည့်အချက်များ ရှင်းလင်း

မိုးနဲ   ဩဂုတ်  

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အရေးကြီးကုန်စည်နှင့် ကျွဲ/နွားများ သယ်ဆောင်ရာတွင် သိရှိလိုက်နာရမည့်အချက်များအား ရှင်းလင်းခြင်းကို မန်နေ့နံနက် နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာခိုင်မြဲစည်သူက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ကျွဲ၊ နွားများကို အရေးကြီးကုန်စည်အဖြစ်သတ်မှတ်ခဲ့ပြီး ပြည်တွင်း၌ သယ် ဆောင်ခြင်းဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များအား ဒေသခံလယ်သမားများ သိရှိနိုင်ရေးအတွက်  အသေးစိတ် ရှင်းလင်းဆွေးနွေးချပြခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဒေသခံလယ်သမားများက သိရှိလိုသော အချက်များကို ပြန်လည်မေး မြန်းကြရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူးက ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့သည်။

ဆိုပါ ရှင်းလင်းပွဲသို့ နားခံကျေးရွာအုပ်စု မှလယ်သမား ၁၀ ဦး တက်ရောက်ခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)