မင်းတပ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးစစ်တမ်းကောက်ယူ

မင်းတပ်           သြဂုတ်            

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း ကလေးအလုပ်သမားပပျောက်ရေးစစ်တမ်းကောက်ယူခြင်းကို မန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်တမ်းကောက်ယူရာတွင် မင်းတပ်ခရိုင်ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည််ဆိုင်များ၊ လက်လီလက်ကားရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်ပြုပြင်ခြင်းစသည့်လုပ်ငန်းခွင် ၄၉ ခုမှ ကလေးအလုပ်သမား စစ်တမ်းကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကလေးအလုပ်သမားပပျောက်ရေးစစ်တမ်းကောက်ယူခြင်းဖြင့် လူကုန်ကူးမှုဆိုင်ရာ အရေးယူမှုနှင့် ကာကွယ်ထောက်ပံ့မှုဆိုင်ရာ အစီအစဉ်များအား အထောက်အပံ့ပေးနိုင်ရေး၊ လုပ်ခလစာ တန်းတူရရှိနိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံမှုရှိစေရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာရည်မှန်းချက်များကိုလည်း အထောက်အပံ့ဖြစ်စေနိုင်မည့် စာရင်းအင်း အချက်အလက် များကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ မင်းတပ်ခရိုင်ဗဟိုစာရင်းအင်းအဖွဲ့တာဝန်ခံ ဒေါ်သဉ္ဇာနွယ်ဝင်းထံမှ သိရှိရသည်။

ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)