အောင်မြေသာစံမြို့နယ်တွင် ကလေးဝမ်းလျှော၊ ဝမ်းပျက်ရောဂါအပေါ် မိခင်များ၏ အသိပညာဗဟုသုတ၊ သဘောထားခံယူချက်၊ လက်တွေ့ကျင့်သုံးမှုအလေ့အထများကို စစ်တမ်းကောက်ယူ

မန္တလေး ဩဂုတ် ၂၃

ကလေးဝမ်းလျှောဝမ်းပျက်ရောဂါအပေါ် မိခင်များ၏ အသိပညာဗဟုသုတ၊ သဘောထားခံယူချက်၊ လက်တွေ့ကျင့်သုံးမှု အလေ့အထများ စစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၆၇)၊  ၁၁ လမ်းနှင့် ၈၆ လမ်းထောင့်ရှိ ကြံခင်းဓမ္မာရုံ၌ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

စစ်တမ်းကောက်ယူရာသို့ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)၊ ကလေးရောဂါပညာဌာနမှ ဒေါ်မျိုးသီတာအေး (သုတ သနအရာရှိ)၊ ဒေါ်မာမာမြင့်(ဓါတ်ခွဲကျွမ်းကျင်-၁)၊ ဦးထွန်းအေး(လ/ထတိုင်းရင်းဆေးမှူး)၊ ဒေါ်စီစီဝင်း(လ/ထတိုင်းရင်းဆေးမှူး)၊ ဒေါ်နန်းအေးမိုးခိုင်(နည်းပြ)၊ ဒေါ်နုနုရီ (စာရေးကြီး)တို့မှ အဆိုပါရပ်ကွက်ရှိ အသက်(၅)နှစ်အောက် ကလေးမိခင်(၇၅)ဦးအား ကလေးဝမ်းလျှောဝမ်းပျက်ရောဂါနှင့်ပတ်သက်၍ ရောဂါလက္ခဏာများ၊ ကလေးမိခင်များ၏ အသိပညာ ဗဟုသုတနှင့် သဘောထားခံယူချက်များ၊ လက်တွေ့ကျင့်သုံးမှုအလေ့အထများကို လေ့လာဆန်းစစ်၍ စစ်တမ်းကောက် ယူခဲ့ကြောင်း သိရသည်။

စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)