အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အသက် ၁၂ နှစ်နှင့် အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူလေးများအား ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွင်စွာ
Nov 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အသက် ၁၂ နှစ်ပြည့်ပြီးသော အလယ်တန်း အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး(Sinovac)ကို နိုဝင်ဘာ(၁၆)ရက် နံနက်(၉)နာရီအချိန်တွင် အ-ထ-က ၊ ကလိန်အောင် ကျောင်းခန်းမ၌ ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက (ဒုတိယနေ့) အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 16,2021
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ကုသရေးနိုင်ရေးအတွက်  မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုနှင့်အတူ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ယနေ့ နံနက်(၁၀)နာရီက Hand Speakerဖြင့် လိုက်လံအသိပေးနှိူးဆော်ကြောင်းသိရသည် ၊
Nov 16,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်ရှိ အသက် ၁၂နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူလေးများအား ကျောင်းနေအရွယ် ကလေးများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinovac) ကို ယမန်နေ့မှစ၍ သတ်မှတ်ထားသော ကျောင်းများ၏ သတ်မှတ်ကျောင်းသား ဦးရေအလိုက် သက်ဆိုင်ရာ ဆေးထိုးစုရပ်စင်တာ(၁၁)ခုတွင် ဒုတိယကြိမ် (ပထမ)ရက်အဖြစ် စတင်ထိုးနှံပေး လျက်ရှိကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
Nov 16,2021
၂၀၂၁ခုနှစ်၊ နို၀င်ဘာလ (၂၈) ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် မျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး​ဟောပြောခြင်းကို တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ် ခရိုင်၊ မေတ္တာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီအချိန်ခန့်က အသိပညာပေး ဟောပြော ဆောင်ရွက် ခဲ့သည်။
Nov 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာ စေရန်၊ အတွေးအခေါ် အသိအမြင် များ အချင်းချင်း ဖလှယ်တတ်စေရန်၊ စာပေမှရရှိသော အသိအမြင်၊ ဗဟုသုတများကို အသုံးချတတ်လာစေရန် ရည်ရွယ်၍ လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်ဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က လူထု အခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Nov 16,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့၌ ၁၀၈ ကြိမ်မြှောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၇ နာရီ အာယုဂဏန အဘရ စေတီတော်အတွင်း ကျင်းပပြုလုပ်သည်။