အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ အထကကျောင်းတွင် ယနေ့နံနက်ပိုင်း က ကျောင်းသား/ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းဇော် ဦးဆောင်သော ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Nov 16,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက “၁၀၁”နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင် နှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ပြည်သူ့စာကြည့်တိုက် အတွင်း၌ ယနေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Nov 16,2021
ကယားပြည်နယ်၊ ရှားတောမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ Positive လူနာနှင့် ထိတွေ့ခဲ့သည့် Contact Person (၃၄)ဦးအား ယနေ့တွင် Tast Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ Positive (၆)ဦး ထပ်မံတွေ့ရှိခဲ့သည်။
Nov 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမ၌ အသက်(၁၈)နှစ်နှင့်အထက်ရှိသူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသည်။
Nov 16,2021
ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်(ဗဟန်း) ကစီစဉ် ကျင်းပသည့်​​ မကြာမီကျ​ရောက်မည့် (၁၀၁)ကြိမ်​မြောက်အမျိုးသား​နေ့ အထိမ်းအမှတ် ဉာဏ်စမ်း စကားပုံဆက်ပြိုင်ပွဲကို ယ​နေ့နံနက် ၁၀ နာရီတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင် (ဗဟန်း)၊ လူထုအ​ခြေပြုဗဟိုဌာန( Community Centre) ၌ ကိုဗစ်-၁၉​ ​ရောဂါကာကွယ်​ရေးအတွက် ကျန်းမာ​ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များနှင့် အညီ ကျင်းပခဲ့သည်။
Nov 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ဝေဠုဝန် မူလတန်းလွန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့တွင် ကျင်းပခဲ့ကြသည်။